
ရွှေပိတောက်တွေနဲ့ ၊ နွေကြိုရောက်ပေမဲ့၊
ငိုမဲ့မဲ့နှလုံးသားမှာ၊ မဝေဆာနိုင်တော့တာလည်း ကြာပေါ့။
အတိတ်သမိုင်းမှာ ၊ မိုက်ရိုင်းမှုတွေအပြည့်နဲ့၊
ဖိနိပ်ခံ တို့တတွေရဲ့ဘ၀၊ နွေရောက်တိုင်း တောက်ခေါက်။
နောက်တစ်ခေါက် တို့ သမိုင်း မရိုင်းရအောင်
အနိုင်းမဲ့ ပိတောက်ကိုင်းခက်တွေကို
နင်းချေဖျက်ဆီး၊ ရင့်သီးမှုတွေနဲ့ မိုးကာနေတဲ့
တိမ်တိုက် လေကြမ်းတွေကြားက
ဟော... ကြည့်စမ်း …
အခု.. လမင်းတစ်စင်း
ဝင်းပ လို့ သာနေပေါ့။
(၁၀-၄-၂၀၁၂။ ည ၈-၃၃)
No comments:
Post a Comment