Wednesday, June 16, 2010

သတိထားသင့်တဲ့ အချိန်ကွာခြားမှု


ပြောရဦးမယ် သိပေမဲ့ သတိမထားမိတဲ့အခါ အားနာစရာကောင်းတဲ့ အဖြစ်မျိုးနဲ့ကြုံရတယ်လေ။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ နေထွက်နေ၀င် စံတော်ချိန်ကွာခြားတာ အားလုံးသိကြမှာပါ။ မှတ်မှတ်ရရ ပြောရရင် စင်ကာပူမှာနေတဲ့ မုံရွာက ဂျစ်တူးကို သတိရလွန်းတာနဲ့ မနေနိုင်မထိုင်နိုင် ဖုန်း ဆက်လိုက်တယ် 16-6-2010 ည 10 နာရီခွဲအချိန်ပေါ့ အော် မေ့နေလို့ ကိုယ်တို့နေတာက Sri Lanka နိုင်ငံရဲ့ ကိုလံဘိုမြို့တော်မှာ ဂျစ်တူးတို့နေတာက စင်ကာပူနိုင်ငံမှာလေ စကားတွေပြောမဟဲ့ ဆိုပြီး ဖုန်းလည်းခေါ်လိုက်ရော ဂျစ်တူးလေ အိပ်ချင်မူးတူး မှုန်တိမှုန်ဝါးအသံနဲ့ ဟလို ....တဲ့ အိပ်ပြီးလား လို့လည်းမေးလိုက်ရော အင်း အိပ်ယာနိုးခါနီးပြီတဲ့ ..ဟိုက် .. ဒါမှ ဒုက္ခ အခုမှ သတိရတယ် ဟုတ်ပါ့နော် ဂျစ်တူးတို့စင်ကာပူနဲ့ ကိုလံဘိုမြို့နဲ့ဆို နှစ်နာရီခွဲလောက်ကွာတာလေ အိပ်လို့ကောင်းနေတုန်း ည ၁ နာရီခွဲလောက်ဖြစ်မယ်ထင်တယ်။ ဟီး အားနာလိုက်တာ ဂျစ်တူးရေ........ ဇိမ်ပျက်သွားရင်တော့ ခွင့်လွတ်နော်......
ဒီလိုပဲနော် အချိန်နာရီကွာခြားမှုကို သိပေမဲ့ သတိမထားမိတဲ့အခါ အခုလိုပဲ အားနာစရာ အဖြစ်မျိုးနဲ့ ကြုံရတယ်လေ။ ဘာပဲပြောပြော ဂျစ်တူးရေ မှားတယ်လို့ဆိုနိုင်ပေမဲ့ အမှတ်တရ လေးတော့ကျန်ရစ်တယ်နော် ဒါကြောင့်ချက်ခြင်းပဲ ဘလော့ပေါ်တင်လိုက်တယ်။
ဂျစ်တူး အေးအေးချမ်းချမ်း အိပ်ပျော်နိုင်ပါစေ......
အိပ်ပျော်နေတုန်း ဖုန်းမှားခေါ်ခြင်းဘေးမှ ကင်းဝေးပါစေ။

Tuesday, June 15, 2010

မရေမရာ အတွေးများ


အတွေးတွေများလာတဲ့အခါ လုပ်ရတဲ့အလုပ်တွေပီပြင်မှုနည်းလာတယ်။ ဘာလုပ်ရမလဲ ဘာလုပ်ရင်ကောင်းမလည်း ဆိုတဲ့ အတွေးတွေနဲ့ပဲအချိန်တွေကုန်လို့.... ၊ တကယ် အကောင်အထည်ဖော်နေတဲ့ လက်ရှိလုပ်နေတဲ့ အလုပ်တွေဟာ တစ်ဖြည်းဖြည်းမှုန်ဝါးဝါးဖြစ်လာတယ်။
လုပ်နေတဲ့အလုပ် အရှိန်တွေရပ်တန့်သွားတော့ ၀ိရိယနည်းလာတယ်။ ရောင်တောင်တောင်ဖြစ်လာတယ်။ ဒါဟာ ကျဆုံးလာတဲ့သဘောကို ပြနေတယ်လေ။ ကြာလာတော့ ကိုယ့်ကိုကိုယ် မကျေနပ်မှုတွေနဲ့ ဖြတ်သန်းနေရတဲ့ ဘ၀ကို အားမရဖြစ်လာတတ်တယ်။ အော် သူများတွေကိုပညာပေးတာမဟုတ်ရပါဘူး။ ကိုယ်တိုင်စိတ်ထဲမှာ ဖြစ်ပြိးခံစားနေရတဲ့ အတွေးသံသရာရဲ့ ချို့ယွင်းချက်တွေကိုရေးနေတာပါ။
အဓိကတော့ စိတ်ဓါတ်ပိုင်း သမာဓိနည်းတာပေါ့ တည်ငြိမ်မှုနည်းတာပေါ့၊ စိတ်တွေပြန့်လွင့်နေတဲ့အခါ ဘယ်လိုလုပ် လုပ်ငန်းတွေ ပြီးပြတ်မလည်းနော်။ အော် ဒီနေရာမှာ အဓိက ပြောချင်တာလေးကတော့ ဟို ... ကလေးတုန်းက ရခဲ့ဖူးတဲ့ စာလေးတစ်ကြောင်းပါ ၀ိက္ခိတ္တစိတ္တော နေကဂ္ဂေါ သမ္မာဓမ္မာ န ပဿတိ ဆိုတာလေ... တည်ငြိမ်မှုမရှိ ပြန်လွင့်နေတဲ့ စိတ်ရှိတဲ့ သူဟာ အမှန်တရားကို မမြင်နိုင်ဘူးတဲ့ ဒါလေးပါ။
ဒါကြောင့် လက်ရှိအလုပ်အပေါ်မှာပဲ အာရုံထားပြီး မရေရာတဲ့ အတွေတွေကို မ၀င်လာအောင် လုပ်ရမယ် ဆိုတာကို သဘောပေါက်မိတယ်။ အော် ကိုယ်အပါဝင် အားလုံးကိုပြောချင်တာလေးကတော့ အတွေးကမ္ဘာလေးထဲမှာပဲ ရစ် ၀ဲမနေသင့်တော့ဘူးလို့ ဘာပဲလုပ်လုပ် လက်တွေ့လုပ်ဖို့ အချိန်တန်ပါပြီလို့ နော်....
အားလုံး အေးအေးချမ်းချမ်းရှိကြပါစေ။
May all being free from danger!
May all be happy!
Keep your mind on the job in hand.

Sunday, June 13, 2010

လေလွင့်စိတ်ကူးများ


တစ်စတစ်စ ကုန်ဆုံးသွားတဲ့ နာရီ မိနစ်တွေ၊ ရက် လတွေ နစ်တွေကြာလာတဲ့ အခါ လူအများပြောနေကြတာက အတွေ့အကြုံတွေရလာတယ်။ လုပ်ငန်းတွေ ထဲမှာ တာဝန်ရှိ တာဝန်မဲ့တွေနဲ့ ပိနေတယ်။ အောင်မြင်တယ်၊ ကျရှုံးတယ်ဆိုတာတွေပေါ့ တကယ်တော့ နာရီ မိနစ်တွေ ရက် လတွေ ကုန်လွန်ခြင်းရဲ့ အထင်ရှားဆုံးပြရုပ်ကတော့ အသက်ကြီးလာတာပါပဲ၊ ယေဘုယျ သေခြင်းတရားနဲ့ ပိုနီးကပ်လာတာပါပဲ အော် ယေဘုယျ ဆိုတာကတော့ သေခြင်းတရားက အချိန်မရွေးရောက်လာနိုင်ပေမဲ့ အများပြောတဲ့ အသက်ကြီးလာပီ သေဖို့နီးလာပြီ လို့ပြောနေကျစကားကိုလိုက်ပြောတာပါ၊ ထားပါတော့ ဖြတ်သန်းလာရတဲ့ ဘ၀ခရီးက တိုတောင်းပေမဲ့တွေ့ရ ကြုံရ တဲ့ အဖြစ်အပျက်တွေ စိတ်ကူးစိတ်သန်းတွေက မရေတွက်နိုင်အောင်ကိုများပါတယ်။
ကိုယ်နဲ့ထပ်တူပြုပြောရမယ်ဆိုရင် သတ်မှတ်စာမေးပွဲတွေအောင်ရင် တက္ကသိုလ်တက်မယ်စိတ်ကူးခဲ့တယ်။ စိတ်ကူးအလျောက် အကောင်အထည်ပေါ်လာတော့ ရတဲ့ဘွဲနဲ့ မတင်းတိမ်ပြန်ဘူး ဘွဲလွန်တက်ချင်တယ်။ စိတ်ကူးအတိုင်း ဘွဲလွန်တက်ဖို့ အဆင်ပြေလာပြန်တယ်။ ဒီဘွဲတွေရပြီးသွားပြန်တော့ ရောင်တောင်တောင်ဖြစ်နေပြန်ရော သူများတွေပြောပြောနေတဲ့ ဒေါက်တာ Phd ရအောင်တက်ချင်လာပြန်တယ်။ လတ်တစ်လောအနေအထားအရပြောရရင်တော့ MA ပြီးသွားတော့ ရောင်တောင်တောင်နဲ့ အင်္ဂလိပ်စာသင်တန်းတက်ရမှာလိုလို တွေးပြန်ရော၊ ဒါလည်းမတက်ဖြစ် ဒီလိုနဲ့ ခရီးသွားချင်တဲ့စိတ်တွေပေါ်လာပြန်ရော စိတ်ကူးပေါ်လာတော့ ထ သွားဖြစ်ပြန်တယ် မလေးရှား နဲ့ စင်ကာပူ တစ်ခါ ကိုလံဘိုပြန်ရောက်တော့ ရောင်တောင်တောင်နဲ့ ဖြစ်နေပြန်ရော အခု အချိန်မှာတော့ မြန်မာပြည်ပြန်ချင်တဲ့စိတ်ကတစ်ဝက် သင်တန်းတစ်ခု တက်ချင်တဲ့စိတ်က ၂၅ ရာနှုန်းလောက်နဲ့ စိတ်တွေ မငြိမ်ဘူး ပြန်မဲ့အတွေးတွေ ၀င်ရောက်လာတော့ စိတ်ဓါတ်က မပြတ်သားပြန်ဘူး ၀ါဆိုအမီပဲပြန်ရမလို သီတင်းကျွတ်မှပဲပြန်ရမလိုလိုနဲ့ မဆုံးဖြတ်နိုင်အောင်ဖြစ်နေပြန်ရော။
ဒီကြားထဲ အင်္ဂလိပ်စာ တက်ဖို့ သူငယ်ချင်းနဲ့ တိုင်ပင်ထားတာကလည်းရှိသေး ဘယ်လိုလုပ်ရပါ့။ စိတ်ရဲ့သဘောက တွေးကြံတတ်တယ် ကြံနေမှာပဲလေ ဒီတွေးကြံမှုတွေထဲက အဖြစ်နိုင်ဆုံးနဲ့ အဖြစ်သင့်ဆုံးကို ဆုံးဖြတ်ချက်ချနိုင်ဖို့ နဲ့ ပြတ်ပြတ်သားသားလုပ်ဖို့ပဲလိုတော့တယ်။
ဘာတွေရေးနေမိတာပါလိမ့် အော် လေလွင့်နေတဲ့စိတ်ကူးများပေါ့ ပြန်ရမှာလိုလို ဆက်နေရမှာလိုလို Phd တက်ဖို့ ရွေးချယ်ရမှာလိုလို အင်္ဂလိပ်စာပဲ မွမ်းမံရမလိုလို ဟိုလိုလို ဒီလို စိတ်ကူးတွေကများနေတော့ ကိုယ်တိုင်လည်းဆုံးဖြတ်ရခက်နေတယ်။ ဒီတော့ ဒီတော့ လွင့်နေတဲ့စိတ်တွေ ငြိမ်သွားအောင် လက်တစ်ကမ်းက အလုပ်ကို လုပ်ဖို့ ဆုံးမယ်ကြံကာရှိသေး ကမ္ဘာ့ဖလားတဲ့ အော် လားချင်လား မတတ်နိုင်တော့ဘူး တစ်နေ့ ၂၄ နာရီ ရှိတာ မနက်ပိုင်း ၂ နာရီလောက်တော့ အိပ်.... အဲ့ အင်္ဂလိပ်စာ ပြန်လုပ်လိုက်ဦးမယ်ဗျား........ သာဓုမခေါ်နဲ့ဗျား ဒါလည်း လေလွင့်စိတ်ကူးထဲက တစ်ခုပဲလေ မသေချာသေးဘူး.....။
အေးအေးချမ်းချမ်းရှိပါစေ

Friday, June 11, 2010

ပထမဆုံးနေရာမှာ ရှိနေတဲ့ စိတ်ကူများ


ဘယ်လုပ်ငန်းမဆို စိတ်ကူးကို အခြေတည်လို့ လုပ်ကြတာပဲမဟုတ်လား အခု စိတ်ကူးတစ်ခုက စိတ်ထဲမှာ အချိန်တော်တော်ကြာ စိုးမိုးနေတာကြာပီ၊ ရင်းနှိးကျွမ်းဝင်သူတွေကိုလည်း မကြာမကြာပြောဖြစ်တယ်၊ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို ပညာသင်ထောက်ပံ့ပေးဖို့အစီအစဉ်ပေါ့။ အော် ဆင်းရဲသူတိုင်းကိုတော့မဟုတ်ပါဘူး၊ အဓိကတော့ ပညာကို ဆက်လက်သင်ကြားချင်တယ်။ ပညာလည်းတော်တယ်၊ မိဘကလည်းမထောက်ပံ့နိုင်တဲ့ ကလေးတွေကို ပညာသင်စာရိတ်ထောက်ပံ့ပေးဖို့ပါ။ ဒီနေရာမှာ ဘယ်မြို့ ဘယ်ပြည်နယ်၊ ဘယ်တိုင်းကလည်းလို့မေးစရာရှိပါတယ်။ နေရာဒေသစွဲ တိုင်းစွဲလူမျိုးစွဲမထားပါဘူး၊ တကယ်လိုအပ်တဲ့ကလေးတိုင်းကိုထောက်ပံ့ချင်တာပါ။ ဘယ်လိုလုပ်ရွေးချယ်မလည်းဆိုတော့စိတ်ကူးကိုတော့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကိုယ်စာလှယ်တွေထားပီး အထောက်တော်တွေထားပီး တကယ်စာတော်ပီး ပညာရေးကိုစိတ်ဝင်စားတဲ့ကလေးမျိုးကို ရွေးချယ်ထောက်ပံ့နိုင်အောင်ကြိုးစားမှာပါ။ ဒီနေရာမှာ ပြောစရာရှိတာက အဲဒီထောက်ပံ့တဲ့ကလေးကို ရွေးချယ်တဲ့နေရာမှာ အရေးကြီးတာက တစ်နစ်နှစ်နစ် ကျောင်းနေပြီး ကျောင်းထွက်သွားတဲ့ကလေးမျိုးမဖြစ်ရအောင်တော့ တော်တော်စီစစ်ရပါလိမ့်မယ်။ ဒီထောက်ပံ့လိုက်တဲ့ကလေးတွေနဲ့ သူတို့အုပ်ထိန်သူတွေဆီကနေ တောင်းဆိုစရာ တစ်ခုပဲထားပါမယ်။ အဲ့ဒါကတော့ ဘွဲ့ရတဲ့အထိပညာသင်ကြားပါမယ်ဆိုတဲ့ကတိပါ။ အခြားဘာမှ ပေးဆပ်စရာမလိုတဲ့ နှောင်ကြိုးမဲ့ ပညာရေးထောက်ပံမှုမျိုးကိုလုပ်ချင်ပါတယ်။
ဒါက ပဏာမရည်ရွယ်ချက်ပေါ့။ အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီ လုပ်ငန်းကို စတင်လုပ်ဆောင်ပြီဆိုရင် အဓိကလိုအပ်တာက ရန်ပုံငွေရှာဖွေရေးနဲ့ ထောက်ပံ့ပေးမဲ့ အဖွဲအစည်းလိုအပ်ပါတယ်။ အရေးအကြီးဆုံးက ရေမီးရတဲ့ မြို့တစ်မြို့မှာ အခြေတည်နေရာတစ်ခုလိုအပ်ပါတယ်။ အဲဒီကနေ အဖွဲ့အစည်းဖွဲ့စည်းမယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့ စိတ်ဝင်စားသူစေတနာရှင်တော်တော်များများနဲ့ ပြည်တွင်းက စိတ်ဝင်စားသူ စေတနာရှင်များကို ဖိတ်ခေါ်မယ်။ အားလုံး မင်းဘား အဖွဲ့ဝင် အနေနဲ့ လှုပ်ရှားမယ်။ ရန်ပုံငွေရှာတာနဲ့ပတ်သက်လို့တော့ နောက်မှ အသေးစိတ်ပြောပြပါမယ်။ ဒီနေရာမှာ အဖွဲအစည်းမှာလိုအပ်တာက ကိုယ့်စိတ်ကူးအမှန်က ကိုယ့်စရိတ်ကိုယ်စားပြီး အလုပ်လုပ်နိုင်တဲ့ စေတနာရှင်တွေကို အဓိကရွေးချယ်မှာပါ။ ဒီလုပ်ငန်းစတင်တဲ့ကာလ မအောင်မြင်ခင်ကာလမှာ ရရှိလာတဲ့ ရန်ပုံငွေထဲက အစည်းဝေးစာရိတ်သုံးတာမျိုး ဧည့်ခံစာရိတ်သုံးတာမျိုး လုံးဝ မလုပ်ပါဘူး ရရှိလာတဲ့ရန်ပုံငွေဟာ ပညာရေးထောက်ပံ့မှု တစ်ခုအတွက်ကိုပဲ အသုံးပြုဖို့ စိတ်ကူးထားပါတယ်။
ပြည်တွင်းမှာ အဓိကခြေခံ အဖွဲ့အစည်းဖွဲ့မယ်။ နောက်ပြည်ပက စိတ်ဝင်စားသူတွေကို မင်းဘားဖွဲမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းဘားတွေ စိတ်ဝင်စားသူတွေဆီက အဆမတန်များပြာတဲ့ ငွေကြေးကိုမလိုအပ်ပါဘူး။ မြန်မာပြည်အနေနဲ့ လခ ၃၀၀၀၀ အထက် ၀င်ငွေရှိသူတွေအနေနဲ့ ကျပ်ငွေ ၃၀ လောက် လစဉ်ထည့်ဝင်နိုင်ရင် တော်ပါပီ။ စင်ကာပူလို နေရာမျိုးမှာနေတဲ့ မင်းဘားစေတနာရှင်များအနေနဲ့ ဥမမာ လခ ၁၈၀၀ လောက်ရတဲ့သူက တစ် ၅ ဒေါ်လာ ၁၀ ဒေါ်လာလောက် လစဉ် ထောက်ပံ့နိုင်ရင် ကျေနပ်ပါပြီ ဒါက မင်းဘားတွေအနေနဲ့ ပင်ပန်းမှုလည်းမရှိပဲနဲ့ ပညာရေးအတွက် လှူဒါန်းနိုင်အောင်စီစဉ်တာပါ။ မွေးနေ့လို အဆင်ပြေတဲ့ လုပ်ငန်းရှင်များအနေနဲ့နဲ့တော့ စေတနာရှိသလိုလှူဒါန်းနိုင်အောင်းစီမံထားမှာပါ။ ဒါက လောလောဆယ် အဖွဲမဖွဲ့ခင် စိတ်ကူးနေတဲ့ စီမံကိန်းအသေးအဖွဲလေးပါ။
ငွေကြေးကိစ္စပါလာပြီဆိုတော့ လူတွေရဲ့ သဘာဝက သံသယဖြစ်လာတတ်ပါတယ်။ ရရှိလာတဲ့ ငွေကြေးတွေကို ဘဏ်မှာ အနည်းဆုံး နှစ်ယောက် သုံးရောက် လက်မှတ်ပါမှ ထုတ်လို့ရတဲ့အစီအစဉ်မျိုးကို လုပ်ပါမယ်။
ဘုန်းဘုန်းက ဦးစီးဦးဆောင်လုပ်တော့မယ်ဆိုတော့ ဒီလုပ်ငန်းလည်ပတ်နိုင်မှုအတွက် ဦးဆောင်သူဖြစ်ပေမဲ့ ရရှိလာတဲ့ ငွေကြေးတွေကို ကိုယ်မကိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဦးစီးဦးဆောင်လုပ်မယ်ဆိုပေမဲ့ အရာအားလုံးကို ခေါင်းဆောင်မှာမဟုတ်ပါဘူး၊၊ နိုးဆော်မယ် စီမံမယ် အဓိကအနေနဲ့ရန်ပုံငွေကို ရှာပေးမယ်။ လူငယ်တွေ စေတနာရှင်တွေကပဲ အဓိကလုပ်ရမှာပါ။
ဘုန်းဘုန်းရဲ့ အဓိက တာဝန်က ဘာလည်းလို့မေးလာရင်တော့ ဒီအဖွဲအစည်းကို တည်ထောင်မယ် ပြီး ရန်ပုံငွေရှာပေးမယ် အနယ်နယ်အရပ်ရပ်လှည့်ပြီး တရားဟောမယ် ရရှိလာတဲ့ ငွေတွေကို ချက်ချင်း အဖွဲ့ကို အပ်မယ်။ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ဖြစ်အောင်လမ်းညွန်ပေးမယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကို ဘုန်းဘုန်း အနေနဲ့လုံးဝ မကိုင်တွယ်ပါဘူး စီမံသူပဲဖြစ်ချင်ပါတယ်။ ဒါမှ ရေရှည်မှာ သံသယကင်းကင်းနဲ့ လုပ်နိုင်မှာပါ။
အောင်မြင်မယ်၊ မအောင်မမြင်မယ် မသိပေမဲ့ ဒီစိတ်ကူးကတော့ နေ့စဉ်ပဲ စိတ်ထဲမှာ စိုးမိုးနေတယ်။ တကယ်လို့များ အကောင်အထည်ဖေါ်နိုင်မယ်ဆိုရင်.....................
လောလောဆယ် ဘာအဖွဲမှ မဖွဲရသေးပါ။ စိတ်ကူးသက်သက်ပဲရှိပါသေးတယ်။ စိတ်ပါဝင်စားသူများ ဆက်သွယ်နိုင်ပါတယ်။ အင်အားများလာတဲ့တစ်နေ့ ဒီအဖွဲအစည်းလေးကို လုပ်ဖြစ်အောင်လုပ်မှာပါ။
အားလုံးအေးအေးချမ်းချမ်းရှိကြပါစေ။
စိတ်ပါဝင်စားသူများ ဆက်သွယ်ရန် suvannasan@gmail.com

Wednesday, June 2, 2010

အေးအေးချမ်းချမ်းရှိကြပါစေ

ကြွားတယ်လို့တော့မထင်နဲ့နော် စင်ကာပူကနေ ၂၉-၅-၂၀၁၀ ည ရထားနဲ့ မလေးရှားကိုလာတော့ လမ်းခရီးမှာ အဆင်ပြေချောမွေ့ပေမဲ့ မပြေလည်တာလေးတစ်ခုတော့ရှိခဲ့တယ်။ တွဲ L4 ထိုင်ခုံနံပါတ် 7 အိပ်စင်မှာနေရာရတယ်။ ကိုယ်က အပေါ်ထပ်ပေါ့။ အောက်အိပ်စင်မှာတော့ တရုတ်မလေးတစ်ယောက် သိပ်ပြီး တွေးမနေနဲ့ဦးနော် နီတာရဲ ကလေးငယ်နဲ့ သားသည်မိခင်တစ်ယောက်ပါ။ တစ်ညလုံးလိုလို ငိုနေတဲ့ ကလေးငယ်ကြောင့် တစ်ညလုံး အိပ်လို့မရခဲ့ပါဘူး။ ဒီအချိန်မှာ ဘာကိုနားလည်ခံစားရသလည်းဆိုတာကို အမှန်အတိုင်းရေးရရင် စာနာမိတာက ကလေးအမေကိုပါ။ ဘေးပတ်ဝန်းကျင်ခရီးသွားတွေကို အားနာနေတဲ့ မိန်းမတစ်ယောက်ရဲ့အမူအယာ နဲ့ ကလေးငယ် အီနေတာကို သနားကရုဏာ သက်နေတဲ့ မခင်တစ်ယောက်ရဲ့ မျက်နှာကို မြင်နေရတယ်။
ကိုယ်ကလည်း အမေနဲ့ကွဲကွာနေတဲ့နစ်တွေကြာတော့ တစ်ညလုံး မေမေ့ဆီစိတ်ရောက်နေတယ်။ မရေမရာ အတွေးတွေနဲ့ ဟိုလိမ့်ဒီလိမ့်နဲ့ kl ကို မနက် ၆ နာ၇ီလောက်ရောက်လာတော့ အနာနေတဲ့မျက်နှာလေးနဲ့ ပြုံးပြနေတဲ့ တရုတ်မလေးကိုမြင်ရတယ်။ ကိုယ်လည်း စာနာစိတ်နဲ့ ပြုံးပြရင် May you be happy! လို့နုတ်ဆက်လိုက်တယ်၊ နောက် May you be free from danger! လို့ လည်းပြောလိုက်ရော လက်အုပ်ကလေးချီပြီ thanks တဲ့ နောက်တော့ သူ့သားလေးအတွက်လည်းဆုတောင်းပေးပါဦးဆိုလို့ ရထားဆင်ခင်လေး ပြာတိပြာယာနဲ့ ဆုတောင်းပေးခဲ့ရသေးတယ်။ အော် ရေးချင်တာက ဘယ်ရောက်သွားပါလိမ့် အော် သိပြီ သူတို့သားအမိကိုကြည့်ပြီး တစ်ညလုံး အိပ်မရပေမဲ့ စိတ်ဆိုးဒေါသ မထွက်ခဲ့တဲ့အပြင် အမေ့ကို ပိုမို သတိရတာမိတာပါပဲ။ အမေအေးချမ်းပါစေ။ အခွင့်ရရင်တော့ မုံရွာဂျစ်တူးတို့အဖွဲ့နဲ့ ဟိုအကြောင်းဒီအကြောင်းတွေ ပြောချင်ပါသေးတယ်။ လမ်းကြုံတုန်း ကြော်ငြာ လိုက်တာနော်။
အားလုံးအေးအေးချမ်းချမ်းရှိကြပါစေ။

အော် မေ့နေလို့ မလေးလည်းရောက်ရော အပြင်းဖျားလို့ ဆေးကုလိုက်ရတယ် ထမင်း သုံးရက် မစားနိုင်လိုက်ဘူးဗျာ။