Wednesday, June 16, 2010

သတိထားသင့်တဲ့ အချိန်ကွာခြားမှု


ပြောရဦးမယ် သိပေမဲ့ သတိမထားမိတဲ့အခါ အားနာစရာကောင်းတဲ့ အဖြစ်မျိုးနဲ့ကြုံရတယ်လေ။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ နေထွက်နေ၀င် စံတော်ချိန်ကွာခြားတာ အားလုံးသိကြမှာပါ။ မှတ်မှတ်ရရ ပြောရရင် စင်ကာပူမှာနေတဲ့ မုံရွာက ဂျစ်တူးကို သတိရလွန်းတာနဲ့ မနေနိုင်မထိုင်နိုင် ဖုန်း ဆက်လိုက်တယ် 16-6-2010 ည 10 နာရီခွဲအချိန်ပေါ့ အော် မေ့နေလို့ ကိုယ်တို့နေတာက Sri Lanka နိုင်ငံရဲ့ ကိုလံဘိုမြို့တော်မှာ ဂျစ်တူးတို့နေတာက စင်ကာပူနိုင်ငံမှာလေ စကားတွေပြောမဟဲ့ ဆိုပြီး ဖုန်းလည်းခေါ်လိုက်ရော ဂျစ်တူးလေ အိပ်ချင်မူးတူး မှုန်တိမှုန်ဝါးအသံနဲ့ ဟလို ....တဲ့ အိပ်ပြီးလား လို့လည်းမေးလိုက်ရော အင်း အိပ်ယာနိုးခါနီးပြီတဲ့ ..ဟိုက် .. ဒါမှ ဒုက္ခ အခုမှ သတိရတယ် ဟုတ်ပါ့နော် ဂျစ်တူးတို့စင်ကာပူနဲ့ ကိုလံဘိုမြို့နဲ့ဆို နှစ်နာရီခွဲလောက်ကွာတာလေ အိပ်လို့ကောင်းနေတုန်း ည ၁ နာရီခွဲလောက်ဖြစ်မယ်ထင်တယ်။ ဟီး အားနာလိုက်တာ ဂျစ်တူးရေ........ ဇိမ်ပျက်သွားရင်တော့ ခွင့်လွတ်နော်......
ဒီလိုပဲနော် အချိန်နာရီကွာခြားမှုကို သိပေမဲ့ သတိမထားမိတဲ့အခါ အခုလိုပဲ အားနာစရာ အဖြစ်မျိုးနဲ့ ကြုံရတယ်လေ။ ဘာပဲပြောပြော ဂျစ်တူးရေ မှားတယ်လို့ဆိုနိုင်ပေမဲ့ အမှတ်တရ လေးတော့ကျန်ရစ်တယ်နော် ဒါကြောင့်ချက်ခြင်းပဲ ဘလော့ပေါ်တင်လိုက်တယ်။
ဂျစ်တူး အေးအေးချမ်းချမ်း အိပ်ပျော်နိုင်ပါစေ......
အိပ်ပျော်နေတုန်း ဖုန်းမှားခေါ်ခြင်းဘေးမှ ကင်းဝေးပါစေ။

3 comments:

  1. ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-ရပါတယ်-ဂျစ်တူးကိုအဲလိုဘဲဖုန်းတွေခေါ်နေကြ
    ပါ။ သိပ့်မထူးစမ်းတော့ပါဘူး-နိုးသွားရင်လည်းထပ်အိပ်တတ်ပါတယ်။ မုံရွာသား
    အချင်းချင်းဘဲလေ-ဒါကစိတ်ဆိုးစရာမှမဟုတ်တာ-စားပွဲပေါ်ကပန်းကလေးကို
    သဘောအလွန်တရာကျသွားတယ်။ နေရောင်အောက်မှရိုက်ရရင်တော့သိပ့်ကောင်းမှာဘဲနော်-သပ်သပ်ရပ်ရပ်စားပွဲ
    ခင်းကလေးကိုအရမ်းသဘောကျသွားပါတယ်ခင်ဗျာ-

    ReplyDelete
  2. ရောက်တယ်နော်-အသစ်လဲမတွေ့ ဘူး-ဖုန်းဆက်တာကျေးဇူးတင်နေမိပါတယ်
    တကယ်ကိုရင်ထဲကကျေးဇူးတင်တာပါနော်

    ReplyDelete
  3. သူဘလောက်မှာဖြင့်ဘာမှလည်းဓါတ်ပုံအသစ်ရိုက်မထားဘဲနဲ့ များ-

    ReplyDelete