Wednesday, June 2, 2010

အေးအေးချမ်းချမ်းရှိကြပါစေ

ကြွားတယ်လို့တော့မထင်နဲ့နော် စင်ကာပူကနေ ၂၉-၅-၂၀၁၀ ည ရထားနဲ့ မလေးရှားကိုလာတော့ လမ်းခရီးမှာ အဆင်ပြေချောမွေ့ပေမဲ့ မပြေလည်တာလေးတစ်ခုတော့ရှိခဲ့တယ်။ တွဲ L4 ထိုင်ခုံနံပါတ် 7 အိပ်စင်မှာနေရာရတယ်။ ကိုယ်က အပေါ်ထပ်ပေါ့။ အောက်အိပ်စင်မှာတော့ တရုတ်မလေးတစ်ယောက် သိပ်ပြီး တွေးမနေနဲ့ဦးနော် နီတာရဲ ကလေးငယ်နဲ့ သားသည်မိခင်တစ်ယောက်ပါ။ တစ်ညလုံးလိုလို ငိုနေတဲ့ ကလေးငယ်ကြောင့် တစ်ညလုံး အိပ်လို့မရခဲ့ပါဘူး။ ဒီအချိန်မှာ ဘာကိုနားလည်ခံစားရသလည်းဆိုတာကို အမှန်အတိုင်းရေးရရင် စာနာမိတာက ကလေးအမေကိုပါ။ ဘေးပတ်ဝန်းကျင်ခရီးသွားတွေကို အားနာနေတဲ့ မိန်းမတစ်ယောက်ရဲ့အမူအယာ နဲ့ ကလေးငယ် အီနေတာကို သနားကရုဏာ သက်နေတဲ့ မခင်တစ်ယောက်ရဲ့ မျက်နှာကို မြင်နေရတယ်။
ကိုယ်ကလည်း အမေနဲ့ကွဲကွာနေတဲ့နစ်တွေကြာတော့ တစ်ညလုံး မေမေ့ဆီစိတ်ရောက်နေတယ်။ မရေမရာ အတွေးတွေနဲ့ ဟိုလိမ့်ဒီလိမ့်နဲ့ kl ကို မနက် ၆ နာ၇ီလောက်ရောက်လာတော့ အနာနေတဲ့မျက်နှာလေးနဲ့ ပြုံးပြနေတဲ့ တရုတ်မလေးကိုမြင်ရတယ်။ ကိုယ်လည်း စာနာစိတ်နဲ့ ပြုံးပြရင် May you be happy! လို့နုတ်ဆက်လိုက်တယ်၊ နောက် May you be free from danger! လို့ လည်းပြောလိုက်ရော လက်အုပ်ကလေးချီပြီ thanks တဲ့ နောက်တော့ သူ့သားလေးအတွက်လည်းဆုတောင်းပေးပါဦးဆိုလို့ ရထားဆင်ခင်လေး ပြာတိပြာယာနဲ့ ဆုတောင်းပေးခဲ့ရသေးတယ်။ အော် ရေးချင်တာက ဘယ်ရောက်သွားပါလိမ့် အော် သိပြီ သူတို့သားအမိကိုကြည့်ပြီး တစ်ညလုံး အိပ်မရပေမဲ့ စိတ်ဆိုးဒေါသ မထွက်ခဲ့တဲ့အပြင် အမေ့ကို ပိုမို သတိရတာမိတာပါပဲ။ အမေအေးချမ်းပါစေ။ အခွင့်ရရင်တော့ မုံရွာဂျစ်တူးတို့အဖွဲ့နဲ့ ဟိုအကြောင်းဒီအကြောင်းတွေ ပြောချင်ပါသေးတယ်။ လမ်းကြုံတုန်း ကြော်ငြာ လိုက်တာနော်။
အားလုံးအေးအေးချမ်းချမ်းရှိကြပါစေ။

အော် မေ့နေလို့ မလေးလည်းရောက်ရော အပြင်းဖျားလို့ ဆေးကုလိုက်ရတယ် ထမင်း သုံးရက် မစားနိုင်လိုက်ဘူးဗျာ။

1 comment:

  1. ဂျစ်တူးတို့ အဖွဲ့ ကလည်းပြောပြချင်ပါသေးတယ်ဗျာ-
    အခုမုံရွာဈေးကြီးမီးလောင်လို့ တဲ့ဗျာ-ဈေးကြီးတခြမ်းပါသွားတယ်ပြောတယ်-
    ကိုယ့်အိမ်ကိုယ်ဆိုင်မပါပေမဲ့ဝမ်းတော့အနည်းမိသားလား-
    မိစုကလည်းမုံရွာသားလာတာကိုမပြောလို့ တဲ့ဗျာ-ကိုယ်တောင်ကံကောင်းလို့ 
    တွေ့ ရတယ်မှတ်တယ်-ရောက်ရင်အေုကာင်းဖို့ မနေ့ ပါနဲ့ ---

    ReplyDelete