Sunday, August 9, 2009

ပတ်ဝန်းကျင်ကို အသေးအဇွဲလေးကအစ ကူညီပါ

မိမိပတ်ဝန်းကျင်အတွက် အသေးအဖွဲဆိုတာလေးတွေကအစ ဂရုစိုက်ပါ။ နိုင်ငံကို မအုပ်ချုပ်နိုင်ချင်နေပါစေ။ လူများစွာကို မကူညီနိုင်ချင်နေပါစေ။ မိမိနှင့်အတူရှိနေသော လူအနည်းစု၏ ကောင်းကျိုးကို တတ်နိုင်သလောက်ဆောင်ရွက်ပေးပါ။
ဥမမာ လုပ်စရာရှိက မိမိ အရင်ဆုံးလုပ်ပါ။ ကောင်းတဲ့အခွင့်အရေးကို နောက်ဆုံးမှ ရယူပါ။ ဘာပဲဖြစ်ဖြစ် တရားခံမရှာပါနှင့် ဥမမာအများသန့်ရှင်းထားသောနေရာမှာ အမိုက်ပစ်ထားက ဘယ်သူပစ်တာလဲဆိုတာ မတွေးပါနဲ့ ကိုယ်တိုင်အေးဆေးစွာလုပ်ပါ။
စကားချိုသာပါ။ စိတ်ထားနူးညံ့းပါစေ။

Friday, August 7, 2009

သတိရနေမိ

ဒီအချိန်ဆို အရင်လိုမျိုး
နွေကြိုအလွမ်း မျှော်ကာတမ်းတ
အလွမ်းညတွေ ရေင်မှာဝေဆဲ ဝေနေမြဲလေ
အသဲကြွေပြုန်း
ခန္ဓာဆုံးလို့ အားလုံးနုတ်ဆက်
ခွဲခွါရက်တယ်။

မေ့ပစ်မရဲ
ကိုယ့်အသဲထဲ အမြဲရှုင်သန်
ခင့်သဏ္ဍာန်လေး အဝေးမှာရှိ
စိတ်ကသိနေ
သခင် ဘယ်လိုနေရှာမလဲနော်
သခင်ခွဲခွါ
ကာလကြာလည်း အကြင်နာများ
လျော့မသွားဘူး
ခင့်အားရည်စူး ကိုယ်ပြုဖူးသော
အထူးကုသိုလ် ဖို့ကိုလျင်
ရပါစေကြောင်း ဆုချွေတောင်းရင်
အကြောင်းမသင့် နွမ်းကြွေလွင့်သည့်
လှနှင်းဆီလေး ဟို...အဝေးမှ ကြားရပါစေ
အမျှဝေသည် သခင် သာဓုခေါ်ပါတော့

အလှတရားများ

ငါက ကမ္ဘာလောကကိုချစ်တယ်
လောက က ငါ့ကိုမွေးဖွါးခွင့်
ပြီးတော့ ရှင်သန်ခွင့်တွေပေးတယ်။
နောက်....ငြိမ်းချမ်းစွာနေထိုင်ခွင့်ပေးတယ်
ငါက ပူလောင်မှုကို တပ်မက်တယ်
ပူလောင်မှုက ရင်ကို လောင်မြိုက်တယ်။
ပြီးတော့ ပတ်ဝန်းကျင်ကို ကူးစက်တယ်။
မင့်သိလား
ငါဟာ ဘာမှမဟုတ်ဘူးဆိုတာ
မင့်မြင်လား
ငါအတ္တ ငါ့ကိုယ်ငါညှင်းဆဲနေတယ်ဆိုတာ
မင့်ဟာ ငါမဟုတ်သလို
ငါကမင့်မဟုတ်ဖူး
မင့်လည်းမဟုတ်
ငါလည်းမဟုတ်တဲ့ အရာကတော့
ဒီကမ္ဘာပဲ
သေချာစဉ်းစားတော့
ငါ............ရှိချင်ရှိမရှိချင်နေ
မင့် ..........ရှိချင်ရှိမရှိချင်နေ
ပုံမှန်ခရီးနှင်နေတဲ့ နေ့ ည နဲ့
နေ လတွေဟာ မင့် လား ငါလား

Wednesday, August 5, 2009

ဒီဘလော့ကို ဘယ်လိုကောင်းအောင်လုပ်ရမလဲ

ဘလော့တစ်ခုကို ပညာရပ်တစ်ခုလိုသဘောထားပြီးတည်ဆောက်မိခဲ့ နည်းပညာက သိပ်မကျွမ်း အစွန်းတွေကိုရှောင်ရရှားရ လွတ်လပ်စွာ တည်ဆောင်နိုင်မယ်ဆိုရင်တော့ အများအတွက် အကျိုးရှိတာလေးတွေ တင်ချင်စမ်း နည်းပညာတွေဖြန်ဝေချင်စမ်းတယ်။ တစ်နေ့တော့ဖြစ်လာမှာပါ။ အခုတော့အစမ်းကာလမို့ စမ်းတမ်းမှန်းတမ်း ပဲလုပ်နေရတယ်။ စိတ်ထဲရှိတာရေးမယ်။ မကြိုက်ရင်ဖျက်မယ်။ နည်းပညာ ကောင်းကောင်းရပြီဆိုမှ ဝေေ၀ဆာဆာတင်မယ် အခုတော့ အိပ်ချင်ပြီ ကိုနေရုရေ....

Tuesday, August 4, 2009

စာနာမှုနဲ့မေတ္တာတရား

လူမှာအရေးအကြီးဆုံးသည် စာနာမှုနှင့်မေတ္တာတရားဖြစ်သည်။ စာနာမှုများလာလေလေ ကရုဏာအားများလာလေလေဖြစ်၏။ မေတ္တာအားများလာလေလေ မိမိနှင့်ပတ်ဝန်းကျင် ငြိမ်းချမ်းလာလေလေဖြစ်၏။ ယင်းကို က၇ုဏာ နှင့်မေတ္တာဟုခေါ်သည်။ မိမိနှင့် ပတ်ဝန်းကျင် ငြိမ်းချမ်းရေးအတွက် အဓိက လိုအပ်သောအရာများလည်းဟုတ်၏။