Friday, August 7, 2009

သတိရနေမိ

ဒီအချိန်ဆို အရင်လိုမျိုး
နွေကြိုအလွမ်း မျှော်ကာတမ်းတ
အလွမ်းညတွေ ရေင်မှာဝေဆဲ ဝေနေမြဲလေ
အသဲကြွေပြုန်း
ခန္ဓာဆုံးလို့ အားလုံးနုတ်ဆက်
ခွဲခွါရက်တယ်။

မေ့ပစ်မရဲ
ကိုယ့်အသဲထဲ အမြဲရှုင်သန်
ခင့်သဏ္ဍာန်လေး အဝေးမှာရှိ
စိတ်ကသိနေ
သခင် ဘယ်လိုနေရှာမလဲနော်
သခင်ခွဲခွါ
ကာလကြာလည်း အကြင်နာများ
လျော့မသွားဘူး
ခင့်အားရည်စူး ကိုယ်ပြုဖူးသော
အထူးကုသိုလ် ဖို့ကိုလျင်
ရပါစေကြောင်း ဆုချွေတောင်းရင်
အကြောင်းမသင့် နွမ်းကြွေလွင့်သည့်
လှနှင်းဆီလေး ဟို...အဝေးမှ ကြားရပါစေ
အမျှဝေသည် သခင် သာဓုခေါ်ပါတော့

No comments:

Post a Comment