Thursday, September 3, 2009

သူငယ်ချင်းညီမလေး


တစ်ယောက်လက်တစ်ယောက်ဆွဲလို့ လည်ပင်းဖက်လို့နေလာခဲ့ရတဲ့ ကလေးဘ၀လေးကို ပြန်တမ်းတမိတယ်ညီမလေးရယ်၊ မိဘတွေမသိအောင် တိတ်တိတ်ပုန်းလေး အိမ်ကခိုးထွက်လို့ ပန်းခြံထဲ ပြေးလွားဆော့ကစားရတဲ့ တို့အခြေအနေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ မခွဲရတော့ဘူးလို့ ထင်ခဲ့မိတယ်နော်။
ကျောင်းသူဘ၀တွေရောက်တော့လည်း အတန်းမတူပေမဲ့ ကျောင်းဆင်းချိန် အတူပြန်ရတာ အတူဆော့ရတာ အရမ်းသတိရနေတယ်လေ။ တက္ကသိုလ်ရောက်တော့ မေဂျာတွေမတူလို့ ခွဲကြရပြီနော် ညီမလေးရယ် အဲဒီအချိန်ကတောင် လက်ချင်းတွဲလို့ လည်ချင်းယှက်လို့ ဝေးရမယ်ဆိုတာ မတွေးခဲ့ရိုးအမှန်ပါ။ အခုဝေးမဲ့ဝေးတော့လည်း တစ်ယောက်တစ်နေရာ။ တစ်နိုင်ငံစီခြားလို့ ........
အတူပြန်ဆုံမဲ့နေ့ရက်ကလေးရှိသေးရင် ညီမလေးရယ် ဟို တို့ကလေးဘ၀က အတူဆော့ကစားခဲ့တဲ့ ပန်းခြံလေးနဲ့ ရေကန်လမ်းဘေးက စိမ်ပန်းပြာပင်အောက်မှာ စကားတွေပြောချင်တယ်။ အတူပျော်ချင်တယ်။
ညီမလေးကိုအရမ်းသတိရတယ်။ အနေဝေးသွားကြပေမဲ့ စိတ်မဝေးဘူးနော်။ တို့နှစ်ယောက် ခွဲခါနီးလေးမှာ ညီမလေးပေးတဲ့ ခေါင်းအုံးစွပ်လေး မှတ်မိလား.. '' မမေ့ကြေး ''..ဆိုတဲ့.စာတမ်းလေးရေးထိုးထားတယ်လေ အဲဒီခေါင်းအုံးစွပ်လေး ပေပွသွားမှာစိုးလို့ အခုထိ သိမ်းထားတယ်ညီမလေးရယ်။
ညီမလေးအေးချမ်းပါစေ။
အဝေးရောက်ညီမလေးသို့အမှတ်တရ.........

No comments:

Post a Comment