နိုင်ငံခြားကို သွားဖို့ ကြိုတင်ပြင်ဆင်မှုတွေနဲ့
တွေ့ကြုံရတဲ့ အခက်အခဲတွေ ခရီးသွားမှတ်တမ်းတွေ အတွေထွေ ဗဟုသုတတွေကို
ရေးမှာပါ သမီး စိတ်ဝင်စားလိမ့်မယ်ထင်ပါတယ်။ ဘုန်းဘုန်း
အတွေးသစ်တွေပေါ်လာတိုင်း အမြဲရေးပို့နေမယ်နော်။
ဘုန်းဘုန်းက နိုင်ငံတော်ပရိယတ္တိတက္ကသိုလ်ကနေ ၂၀၀၄- ခုနှစ်မှာ
စတုတ္ထနှစ်အောင်မြင်တယ်။ အလုပ်သဘောအရ ကျောင်းပြီးတဲ့နှစ်မှာ ဘွဲမယူရပါဘူး။
တောင်တန်းသာသနာပြု ၂ - နှစ်သွားရတယ်။ တြိဂံတိုင်းခေါ်တဲ့
သံလွင်မြစ်ရဲ့အရှေ့ဖက်ကမ်း မိုင်းပြင်မြို့နယ်က သုဝဏသျှံ သာသနာပြဌာနမှာ
တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဆိုလိုတာက သမိးရယ်၊ ပညာရေးလောကနဲ့ ၂
-နှစ်ကင်းကွာသွားခဲ့ရတယ်ဆိုတာကိုပါ။ ကျောင်းပြီးပြီးချင်း နိုင်ငံခြားကို
ထွက်ချင်ခဲ့တယ်။ ဒါပေမဲ့ အချိန်ရယ် ငွေရယ်က အဆင်မပြေခဲ့ဘူးလေ။
၂၀၀၆ - ခုနှစ်မှ ဘွဲ့ယူရတယ်။ ဘွဲ့ယူပြီးတဲ့နောက်ပိုင်းမှာတော့
စိတ်တွေက လေလွင့်နေတယ်။ ပညာရေးဘက်လိုက်ရမလိုလို
တရားဘာဝနာပွါးများရမလိုလိုနဲ့ ယောင်တောင်တောင်ဖြစ်နေတယ်လေ။ ဒီလိုနဲ့
မန္တလေးမှာ ၂ -နှစ်ထပ်နေပြီး ကွန်ပျူတာနဲ့ အင်္ဂလိပ်စာကိုလေ့လာတယ်။ ဒီ
၂-နှစ်မှာ အဆင်ပြေရင်နိုင်ငံခြားသွားမယ်။ မပြေလည်ခဲ့ရင် အေးအေးဆေးဆေး
ဇာတ်မြုပ်လို့ လူတွေနဲ့ဝေးတဲ့ တောကျောင်းလေးမှာ
နေတော့မယ်လို့စိတ်ကူးရှိခဲ့တယ်။
မန္တလေးရတနာပုံကျောင်းမှာ ကျောင်းအလုပ်လုပ်ရင်း
ကွန်ပျုတာသင်တန်းတွေတက်တာ ၂၀၀၇ -တစ်နှစ်လုံးလိုလိုပဲ။ ကံဆိုးချင်တော့
အင်္ဂလိပ်စာသင်ကြားမှုတွေ မပြီးခင် စက်တင်ဘာ သံဃာ့အရေးအခင်းဖြစ်တော့
စာသင်မှုတွေရပ်ဆိုင်းသွားခဲ့ရပြန်တယ်။ ကွန်ပျူတာကိုတော့
ဆက်လက်လေ့လာခဲ့တယ်။ ဒီနေရာမှာ ပြောချင်တာလေးတစ်ခုစိတ်ထဲရောက်လာတယ်။
တစ်ချို့က ဘုန်းဘုန်းဘာတွေလုပ်နေတယ်ဆိုတာ မသိကြဘူး။ လူအများရဲ့အမြင်မှာတော့
ရတနာပုံကျောင်းမှ ဧည့်သည်တွေကို ဆေးရုံဆေးခန်းပို့ပေးရ၊ ဘုရားဖူး လိုက်ပို့ပေးရ၊ ဆွမ်းအတွက် မီးဖိုချောင်မှာ ချွေးတစ်လုံးလုံးနဲ့ ကိုယ်အတွက် ဘာမှမယ်မယ်ရရမလုပ်နိုင်ပဲ
အချိန်ကုန်နေတဲ့သူတစ်ယောက်လို့မြင်ကြ မလားမသိဘူး။ နိုင်ငံခြားသွားမယ်လို့
အမှန်တကယ်နုတ်ဆက်တာတောင်မှပဲ မဖြစ်နိုင်တာတဲ့ စာမသင်ပဲမီးဖိုချောင်မှာ
နေတဲ့သူ၊ လူမှုရေးလုပ်ငန်းတွေနဲ့ အချိန်ကုန်နေသူက နိုင်ငံခြားသွားမယ်တဲ့ မနောက်စမ်းပါနဲ့တဲ့ပြောကြတယ်။
ဘုန်းဘုန်းက သူများတွေမသိအောင် လေ့လာသင်ယူထားတာတွေကို သူတို့မှမသိကြပဲ။
စိတ်ဆိုးလို့ပြောတာမဟုတ်ဖူးသမီးရယ်။ လူဆိုတာ လိုအပ်တဲ့အချိန်မှာ
အဆင်သင့်ဖြစ်ဖို့ အမြဲပြင်ဆင်ထားရတယ်ဆိုတာကိုပါ။ နောင်တစ်ချိန်ကိုယ့်ကို
သူများက လိုအပ်လာတဲ့အချိန်ကျမှ သင်နေလို့မရတော့ဘူး။ ကိုယ်က
အဆင်သင့်ရှိနေနှင့်အောင် ပြင်ဆင်ထားရတယ်။ ဒါကိုပြောချင်တာပါ။
သမိးတို့လဲ အသုံးမ၀င်သေးဘူးဆိုပြီ မနေပါနဲ့ အချိန်ရရင်
အင်္ဂလိပ်စာ၊ ကွန်ပျူတာနဲ့ အခြားတတ်သင့်တာတွေကို လေ့လာထားပါနော်။ အခုဆိုရင်
ဘုန်းဘုန်းကလည်း ကြိုတင်ပြင်ဆင်မှုတွေရှိတယ်။
တီတီကြီးတို့ကလည်းပံ့ပိုးနိုင်တယ်။ အကြောင်းတွေညီညွတ်တိုက်ဆိုင်လာတော့
အလိုလို ဖြစ်သွားရတာပဲလေ။ ကြိုးစားမှုကို အခြေခံရတယ်။
စိတ်ကောင်းကောင်းထားရတယ်။ ဘုန်းဘုန်းဆိုရင် သမီးတို့မြင်မလားမိဘူး။
ကျောင်းကိုလာတဲ့ သူအားလုံးအပေါ်စေတနာလည်းထားတယ်။ ကျွေးစရာရှိကျွေးတယ်။
အတူးသဖြင့်တော့ စိတ်ချမ်းသာအောင်ထားပေးရတယ်။ လူဆိုတာ ပညာတတ်ရုံ။
ငွေရှိရုံလောက်နဲ့မပြီးဘူးလေ။ ပတ်ဝန်းကျင်နဲ့
လိုက်လျောညီထွေဖြစ်အောင်လည်းနေတတ်ရတယ်လေ။ စိတ်ညစ်စရာတွေတွေ့လာရင်လည်း
မှန်ကန်တဲ့နည်းလမ်းနဲ့ဖြေရှင်းနိုင်အောင်ကြိုစားရတယ်။ သီခံနိုင်ရတယ်။
လူငယ်လေးတွေကို လူငယ်အခွင့်အရေးလေးတွေနဲ့ လိုက်လျောပေးရတယ်။
ဒီစာတော့ဒီလောက်နဲ့နားဦးမယ်။ နောက်တစ်စောင်ကျရင်
သဘာဝပတ်ဝန်းကျင်အကြောင်းတွေရေးပေးမယ်။
သမီးအမြဲကြိုးစားနေနော်။
အေးအေးချမ်းချမ်းရှိပါစေ။
ဘုန်းဘုန်းဦးသုနန္ဒ
ကိုလံဘိုမြို့။ သီရိလင်္ကာနိုင်ငံ။
၁၆ . ၃ . ၂၀၀၉
Monday, February 6, 2012
ဒေးဒေး သို့ ပေးစာများ (၁)
system

ကျမသည် ဤအိမ်တွင် သမီးလတ်ဖြစ်၏။ တစ်နေ့ ကျမ စာဖတ်နေသည်။ အစ်ကိုကြီးက အငယ်ဆုံးမောင်လေးကို စာသင်ပြပေးနေသည်။ အစ်ကိုကြီးသည် တစ်ခါ တစ်ခါ သူဖြစ်စေချင်သလို ဖြစ်မလာသောအခါ မောင်လေးကို ဆူသည်။ မောင်လေးက အတွန့်တက်သည်။ အစ်ကိုကြီးက မောင်လေးကို စိတ်တိုစွာ အော်ငေါက်သည်။ ကျမ မောင်လေးနှင့် အတန်းမတူ သည့်အတွက် မသိမသာ နားထောင်နေလိုက်သည်။ အစ်ကိုကြီးနှင့် မောင်လေး၏ စာကျက်ဝိုင်းတွင်မပါဝင်တော့။ သို့သော် မြင်နေကြားနေရသည်။
အိမ်ရှေ့ခန်းမှ ဖေဖေက ညီအစ်ကို နှစ်ယောက်အခြေအနေကို မြင်နေရသည်။ ပြောစကားပြောသံတွေ ကြားနေရသည်။ ညီအစ်ကို နှစ်ယောက်၏ စာကျက်ဝိုင်းသည် တစ်ဖြည်းဖြည်း ဆူညံလာသည်။
အိမ်ရှေ့ခန်းမှ အဖေ မနေနိုင်တော့ သားနှစ်ယောက်စာကျက်ဝိုင်းသို့ ရောက်လာသည်။ အဖေက အစ်ကိုကြီးကိုပြောသည်။
'' ဘယ်လိုဖြစ်နေတာလည်း သားကြီးရဲ့''
'' ညီလေးက သားခိုင်းတဲ့အတိုင်း မလုပ်ဘူး ဖေကြီးရဲ့ ဒါကြောင့် ဆူနေတာ"
''အော် သားငယ်က စာမလိုက်နာနိုင်တာလား''
'' အဲလိုလည်းမဟုတ်ဖူး ဖေဖေရ ကျောင်းက ဆရာမ ခိုင်းတဲ့အတိုင်း သူက မလုပ်ဘူး သူ့ ဟာသူ ဟိုကြံ ဒီကြံ နဲ့ သား ပြတာကိုလည်း စိတ်မ၀င်စားဘူး''
'' ဟ အဲဒါကောင်းတာပေါ့သားရဲ့ ဆရာမခိုင်းတဲ့အတိုင်း မလုပ်ဘူးဆိုတာက သူ အခြားနည်းလမ်းကို စဉ်းစားမိလို့ ဖြစ်မှာပေါ့ သူဘယ်လိုလုပ်မလည်း ဆိုတာကို အရင်စောင့်ကြည့်လေ မှားပြီဆိုမှ မှန်ကန်တဲ့နည်းစနစ်ကိုပြောပေါ့၊ သားရဲ့ ဆရာမ သင်တဲ့အတိုင်း မလုပ်ရဘူးလို့ မဆိုလိုဘူးကွယ် ဆရာသင်တာထက်ကို ကျော်လွန်ပြီး စဉ်းစားတာပိုကောင်းတာပေါ့ သူက ဆရာမ သင်တာ မှားတယ်လို့ပြောလို့လား'' ''အဲလိုလည်းမဟုတ်ဖူးဖေကြီးရ'' '' ကဲ .. ဒီလိုဆို သားကို ဖေကြီးမေးမယ် သားဖြေပါဦး'' ဟုတ် ဖေကြီး ''
ဖေကြီးသည် ၀ိုက်ဘုတ် တွင် ဂဏန်းများရေးပြီးပေါင်းခိုင်းတော့သည်။'' ကဲ သား ဒီဟာတွေ ပေါင်းကြည့်ပါဦး
5+1= 4+2= 3+3= ဒါတွေရဲ့ အပေါင်းရလဒ်ဟာ ဘာဖြစ်မလည်း '' ဟာ ဖေဖေကလည်း လွယ်လွယ်လေးပါ ဒီလောက်တော့'' ''ကဲဟုတ်ပါပြီ ဒါဆိုရင် ဒီ 6 ရဖို့ ပေါင်းတဲ့ ဂဏန်းကုန်ပြီလား'' '' အင်း ကျန်သေးတယ် ဖေကြီး'' '' ကဲပြောပါဦး'' '' 6+0= ဒါလည်း 6 ရတယ်ဖေကြီး'' ''ဟုတ်တာပေါ့ ကဲ ထားပါတော့ အခြားနည်းနဲ့ ၆ ဖြစ်အောင် ကြံစမ်းပါဦး'' ''အင်း သား မစဉ်းစားတတ်တော့ဘူး'' ''ထပ်ပြီးစဉ်းစားပါဦး'' ''ရတော့ဘူး ဖေကြီးရဲ့ 6 ဂဏန်းအတွက် ဒါတွေကုန်ပြီ'' သေချာပီနော် သေချာရင် ဖေကြီးပြောမယ် ကဲ ဒါဆို တစ်ဆယ်ထဲ လေးနုတ်ရင်ဘယ်လောက်လဲ'' ''ဟာ ဖေကြီးကလည်း ဒါက အနုတ်လေ သားက အပေါင်းပြောနေတာ'' ဒါပေါ့ သားပြောတော့ 6 ဂဏန်းရဖို့ ဒါပဲဆို'' ''ဟုတ်ကဲ့ဖေကြီး ရှင်းအောင်ပြောပါဦး'' '' အေး ပြောမယ် နားထောင် ခုနက သားပြောတဲ့နည်းတွေက system ပဲ အဲဒီအပေါ်မှာ အသေကြီး မှတ်မထားဖို့ပြောချင်တာ သားကြီးက ညီလေးကို သားကြီးသင်တဲ့အတိုင်း မလုပ်လို့ စိတ်ဆိုးအော်ငေါက်တယ်၊ ဆရာမသင်တဲ့အတိုင်း မလုပ်လို့ စိတ်တိုတယ်၊ သားငယ်က သူနည်းသူ့ဟန်နဲ့ သူ ကြံစည်တယ်၊ အဲလို ကြံစည်စိတ်ကူးမှုရှိတာ သားက အားပေးရမှာ မဆူရဘူး ကြက်တူရွေးစာကြက်မလုပ်ခိုင်းရဘူး သူနည်း သူ့ဟန်နဲ့ သူ ဖြေရှင်းလို့မရမှ သားက မှန်ကန်တဲ့ နည်းစနစ်ကိုပြောပြရမှာ စစချင်းပဲ ရှိသေးတယ် ဒီဟာမှားတယ် ဆိုတာမျိုးမလုပ်ရဘူး ဟုတ်လား ဖေကြီးပြောချင်တာ အဲဒါပဲ သားကိုမှားတယ် လို့ မပြောဘူး၊ သားငယ်လုပ်တာလည်း မှန်တယ် လို့မပြောဘူး၊ ဖေကြီးလိုချင်တာက ဘယ်အရာမဆို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားမှုမျိုးရအောင် တွေးခေါ်တတ်အောင်သားကသင်ပေးရမှာ ဟုတ်လား'' ''ဟုတ်သားသဘောပေါက်ပါပြီဖေကြီး ''
ဤသို့ဖြင့် ကျမမြင်တွေ့နေရသော အစ်ကိုကြီးနှင့် မောင်လေးတို့၏ ငြင်းခုံမှုသည် အသံတိတ်သွားလေတော့သည်။ ။
ဒုတိယမေမေ
ဇန္န၀ါရီ ၂၅
ရင်ခုံမှုတွေနဲ့အတူ
TG-flight နဲ့
မှောင်မှိုက်တဲ့ ကောင်းကင်ယံထဲ
ပျံဝဲခဲ့ဘူးတယ်။
စိုးထိတ်မှုတွေနဲ့အတူ
တိုးတိတ်စွာရှင်ခုံသံမြန်စေတဲ့
ဘန်ကောက်ည..........
Sunday, January 23, 2011
မွေးနေ့လက်ဆောင် ကဗျာ
ဝင်း ပတဲ့နစ်သစ်နေရောင်နဲ့အတူ
မာ စေကြောင်းတောင်းဆုချွေရင်း
လာ ခြင်းကောင်းတဲ့ ကံကြမ္မာတွေကို သည်ဆောင်လာတဲ့ နစ်သစ်မင်္ဂလာမှာနေ့မှသည် -
ထွန်း လင်းပညာ နေမင်းပမာ ၀င်းပစေ၊
နှစ် ကိုယ်တူချစ်ခြင်းများ ကြယ်ပေါင်းဝန်းရံ လမင်းပမာ အေးချမ်းစေ။
သစ် လွင်တောက်ပတဲ့စိတ်နဲ့ အားကိုးရတဲ့ ကုသိုလ်ပညာဥစ္စာ ရတနာများကိုရှာပါလေ..
မှာ တမ်းကဗျာမော်ကွန်းတစ်စောင်နဲ့ ဆုချွေတောင်း
အောင် မြင်မှုအပေါင်းလည်း ရနိုင်စေ။
မြင် ကြား - သိ - တတ် လေ့လာမှတ်သား
နိင် ငံ- ကိုယ့်အကျိုး - များအကျိုး သည်ပို့းဆောင်ရွက်နိုင်ပါစေ။
ပါ ၀င်ရွက်ဆောင် လမ်းပြဆောင် အမှောင်ကင်းလို့ လင်းပါစေ။
စေ တနမှန် ကောင်းသည့်ကံ သင့်ထံမုချ ရောက်ပါစေ။ ။
ဝင်းမာလာထွန်း အေးချမ်းပါစေ
Saturday, January 22, 2011
ဆန္ဒ

သူများမအားမှ၊
ငါအားနုတ်ဆက် ၊ စိတ်မပျက်ပါ၊
အဖြည့်ခံသက်သက်၊ ဖြစ်နေလျှက်လည်း
ဆက်လက်ခင်မင်၊ သံယောဇဉ်ထား၊
စိတ်ထဲမသို ၊ ဟုတ်တိုင်းဆိုပြီး
မိတ်ဆွေကောင်းဆိုတာပြချင်သည်။
သူလည်းသူ့စိတ်၊ သူ့ဝိတ်သူထမ်း၊
သူ့လမ်းသူသွား၊ တစ်လမ်းမောင်းသမား၊ ဖြစ်နေငြားလည်း၊
သူအား မမုန်း ၊ ငါ့နှလုံးက အပြုံးမပျက်ရှိနေသည်။
အမုန်းမလို၊ အရှုံးဆိုဝေး၊ အတွေးမျှပင် ၊ မကြားချင်ကြ
သဘာဝမို့၊ အောက်ကြို့လျှော့ပေး၊ ဆက်ဆံရေးနဲ့
စိတ်အေးချမ်းမြနေချင်သည်။
အဖေ့အကြောင်း
ပေါက်စီလေးရေ.....အော် စကားမစပ်ပြောရဦးမယ် အဖေ့အကြောင်းလေး မောင်ရင့်ကို ဖေါက်သည်ချရတာပေါ့ တို့ရွာမှာက နာမည်ကြီးကွ တို့ အဖေက နာမည်ကတော့ လေပေါအောင်သိန်း တဲ့ ဟီး။ ဒါသူ ဂုဏ်ထူးပေါ့ အော် သူက ပေါက်တတ်ကရပြောတာတော့မဟုတ်ဖူး သူစကားပြောရင် ခပ်တည်တည်နဲ့ ဘေးနားကလူတွေ တစ်ဝါးဝါးရီကျရတယ်။ ချစ်စနိုးနဲ့ ခေါ်ကြတာပါ။
ငါ ၁၂ နစ်သားအရွယ် မုံရွာမြို့ကို စာသင်လာမယ်လုပ်တော့ သင်္ဘောပေါ်မတက်ခင်လေးမှာ အမေကတော့ တစ်ရွတ်ရွတ် ငိုနေလေရဲ့ ။ အဖေကတော့တစ်မျိုးက ပြုံးပြုံးလေးနေတာ ( သူကျွေးရမဲ့ သားတစ်ယောက်ရော့သွားပြီ၊ တာဝန်ပေါ့သွားပြီလို့များ တွေးနေလားမသိဘူး ၊ စကားချပ် ) ။
အဖေက ဘာမှ ထူးထူးထွေထွေမမှာဘူး ငါ့သားဘယ်နေရာရောက်ရောက် လူရှုံးချင်ရှုံးပစေ လေ တော့ အရှူံးမခံနဲ့ တဲ့၊ တကယ်ပါ အဲဒီအတိုင်းပဲ။ ဒီလိုနဲ့ ကိုယ်လည်း တက္ကသိုလ်ပြီးတော့ BA ( ဓမ္မာစရိယ) ဘွဲ့ယူတဲ့အခန်းနားကို အဖေ အမေနဲ့အတူတက်တယ်။ ပြီးတော့ ကိုယ်က ပြောတယ် အဖေ သားတော့ BA ဘွဲ့ရပြီ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ အိန္ဒိယက ဗာရာဏသီမှာ ဘွဲ့ တစ်ခု ယူရမလား၊ ဘုံဘေမှာ ဗုဒ်ဓစ်စတာဒီး (Buddhist study) ပဲလုပ်ရမလား ဘာလုပ်လုပ်ဘာကိုင်ရမှန်း မသိတော့ ရောင်တောင်တောင်ဖြစ်နေပြီ လို့ ပြောတော့ အဖေက တစ်ခွန်းတည်းပြောတယ်။ အော် အဖက ကိုယ်ပြောတဲ့အထဲမှ ဘကုံးနဲ့ ဗထက်ချိုက်တွေ များနေတာ သတိထားမိပုံရတယ်။ အဖေကလည်းခေသူမဟုတ်ဆိုတော့ ဘာပြောလည်းဆိုတော့.........
ဘုန်းဘုန်း ဘာဘာညာညာ တွေတွေးမနေနဲ့ ဘွဲ့လည်းရပြီးပြီ ဘုန်းဘုန်းပြောတဲ့ ဗုဒ်ဓစ် စတားဒီးတွေ ဘွဲ့တွေ ဘာလုပ်တော့မှာလည်းဘုရား မန္တလေးမှာနေ ဘုံလောင်းတိုး ဗိုက်ဝအောင်စားပြီး ဘာဝနာပဲ လုပ်စမ်းပါ ဒါမှ ဗုဒ္ဓလမ်းစဉ်ဘုရား တဲ့ ကဲ့ မှတ်ပြီလား အဲလိုကွ တို့အဖေက တွယ်စရာ ရှိရင် သားအဖချင်းတောင်မညာဘူးကွနော်။ ကြွားစရာရှိလည်း သားအဖချင်းမရှောင်ဘူးကြွားတာပဲ အဲဒါကိုက အဖေအတွက် ချစ်စရာတစ်ခုပေါ့ဗျား တစ်ရွာလုံးကလည်း ပျင်းလိုက်တာကွာ ဦးအောင်သိန်းခေါ်ကြပါကွ တဲ့ အဲလို နာမည်တစ်လုံးနဲ့ နေလာတာ။ ကိုယ်ကတော့ အဖေ့ခြေရာ ဘယ်နှင်းနိုင်မလည်းကွာ အခုမှ လေ့လာတုန်းဆိုတော့ ဒါပေမဲ့ပေါ့ ကိုလည်း တစ်ခုတော့ပြောခဲ့ဦးမယ် ဘာမှလုပ်စရာမရှိဘူး ဆိုပြီး ဘာဘာညာညာတွေလည်း မလုပ်နဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်ပွဲကောင်းတယ်ဆိုပြီး ဗိုက်၀၀စားပြီး အကြာကြီးထိုင်မကြည့်နဲ့ တော်ကြာမှ ဘောအောင့် ဗိုက်နာဖြစ်ပြီး ဘာရောဂါလည်း လို့ ဘေးက မေးရင် ဘယ်လိုပြောရမှန်းမသိနဲ့ နောက် ဘယ်ဆီသွားပြလို့ပြရမှန်းမသိဖြစ်သွားမယ်။ ကံမကောင်းလို့ ဘောရောဂါဖြစ်လို့ကတော့ ဘေဘီလေးတို့ ရေ ........ ဘိုင်း ဘိုင် ဆိုလည်းမရတော့ဘူး။ ငါကွ။
ရယ်မောနိုင်ပါစေ။
