Sunday, September 20, 2009

ကိုယ်တိုင်းဖွား သားလည်းမဟုတ်




တရုပ်နိုင်ငံက Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် မိန်းကလေးဟာ အမွှာပူးယောက်ျားလေး နှစ်ယောက်ကို ကိုယ်ဝန်ဆောင်ထားတယ်ဆိုတာကို အင်တာနက်သတင်းတွေမှာ ဖေါ်ပြထားတာ တွေ့ရတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်ဆောင်ထားတယ်ဆိုတာသိလိုက်ရတဲ့ အချိန်မှာတော့ တရုပ်နိုင်ငံရဲ့ ဆေးဖက်ဆိုင်ရာ နယ်ပယ်မှာ အံသြတုန်လှုပ်သွားကြပါသတဲ့။
Mengru Kang ရဲ့ ဗိုက်ဟာ တစ်နေ့တစ်ခြား ကြီးထွားလာလို့ ဆေးရုံတင်ပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ ယောက်ျားလေး အမွှာပူးကိုယ်ဝန်ကို လွယ်ထားရတယ်ဆိုတာ ကို ထူးဆန်းစွာသိလိုက်ကြရတယ်တဲ့။ ဆရာဝန်တွေရဲ့ အပြောကတော့ သူမကို ၀န်ဆောင်ထားချိန်မှာ နောက်ထပ်မျိုးအောင်လာတဲ့ သူမရဲ့ မိဘနှစ်ပါးရဲ့ သန္ဓေသားဟာသူမ၀မ်းထဲဝင်ပြီး ထပ်ဆင့်ကြီးပွါးလာတာဖြစ်တယ်လို့ ဆိုပါတယ်။ သူမမွေးဖွါးရင်တော့ ခွဲစိတ်မွေးဖွါးရပါလိမ့်မယ်။ သူမ အောင်မြင်စွာမွေးဖွါးပေးနိုင်လိမ့်မယ်လို့ ဆရာဝန်တွေကတော့ယူဆနေကြပါတယ်။ သူမအတွက် မောင်လေးတွေလည်းဖြစ် သားလေးတွေလည်းဖြစ်တဲ့ အမွှာ ယောကျာ်းလေးနှစ်ယောက်ကို ခွဲစိတ်မွေးဖွါးဖို့ စောင့်ဆိုင်းနေကြပါသတဲ့။
စကားထားဝှက်မယ်ဆိုရင် ရတယ်နော် '' ရင်ကဖွား သားလည်းမဟုတ် '' လို့ ပြောရင်ရမလားပဲ။
အေးအေးချမ်းချမ်းမွေးဖွါးနိုင်ပါစေ။
ကံတရားရဲ့ ဆန်းကြယ်မှု တစ်ခုဆိုရင်ရတာပေါ့လေ။

ဒီနေရာမှာ ကြည့်နိုင်ပါသေးတယ်။



ကံကောင်းခြင်းလက်ဆောင်






ကံကောင်းခြင်းလက်ဆောင်


People say if you see a White Peacock it will bring you good luck. For those who receive this email it is good luck every year. That's why I am sending the good luck to you – my friends, wishing you good luck and prosperity every year!
ဒေါင်းဖြူကို မြင်ရင် တစ်နစ်လုံးကံကောင်းတယ်တဲ့ သူငယ်ချင်းတစ်ယောက်က ပို့ပေးလို့ ထပ်ဆင့်ဝေလိုက်တယ်။ ဘယ်မှာရှိလည်းလို့တော့ မမေးနဲ့ နော် ကိုယ်လည်းမသိဘူး။ အေးအေးချမ်းချမ်းရှိကြပါစေ။ ကံကောင်းကြပါစေ။

Friday, September 11, 2009

နည်းနည်းလေးပဲလွဲတာပါ


သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …
CHEERS!!
မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို
ဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး
သူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။
ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက
မေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး …
“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”

“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”

“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”

“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့
အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက
လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။

သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက်
ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။
သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး
မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို
့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့
မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ
့မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းက
ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို
့ပါတဲ့လေ။

“ကျွန်တော်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”

“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”

“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ
ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”

လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း
သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။

“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”

“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”

“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”

မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ
့ မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။

“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”

“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို
တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ
အမြဲတမ်းသွားနေတော့တာပေါ့။”

လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်
အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့
သူပျော်တောင်ပျော်သွားခဲ့တယ်ဆို
ပဲ …

“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”

ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က
ဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။

“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး
ဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”

ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ
တမဟုတ်ချင်း ငြှိုးကျသွားပါတယ်။

“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”

“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက်
ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”

သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …

“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”
--
======================================

Fredrick @ Phyo Wai Kyaw
စာရေးသူ နာမည်ရင်းကိုမသိလို့မဖေါ်မနိုင်တာပါ။ ရေးသူများဖတ်မိရင် နာမည်လေး ရေးပေးထားခဲ့နော်။ ကျေးဇူးတင်ပါတယ်။ Forward ကနေ ကူးထည့်ထားတာဖြစ်ပါတယ်။

Thursday, September 10, 2009

ကျေူးဖူးတင်စကားတစ်ခွန်းလောက်တော့ပြောခဲ့ပါ


အပန်းဖြေစခန်းက ပြန်လာတဲ့ ကားတစ်စီးဟာ လမ်းတစ်နေရာ ရွံ့အိုင်မှာ ရပ်သွားခဲ့တယ်။ ကားပေါ်က သားသားနားနား ဝတ်ဆင်ထားတဲ့
လူတစ်ဦးက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး
“ကျွန်တော့်ကားအောက်ထဲဝင်ပြီး ဘယ်သူ ဝက်အူကျပ်ပေးနိုင်မလဲလို့” အော်ဟစ် အကူအညီ
တောင်း လိုက်တယ်။
ကားရဲ့ ဆီတိုင်ကီက ဝက်အူတစ်ချောင်း ချောင်နေပြီး ဆီတွေယိုနေခဲ့လို့
ရပ်သွားတာဖြစ်တယ်။ ဓာတ်ဆီဆိုင်နဲ့ လည်း အတန်ငယ် အလှမ်းဝေးနေတာကြောင့်
ကားပိုင်ရှင်ရဲ့စိတ်ဟာ အိုးဖုံးပူပေါ်က ပုရွက်ဆိတ်တွေလိုပဲ လှုပ်ရှားနေခဲ့တယ်။
ကားပိုင်ရှင်ဘေးက လှလှပပပြင်ထားတဲ့ အမျိုးသမီးတစ်ဦးက
“ဆုငွေရှိရင် ကူတဲ့လူ ပေါ်လာလိမ့်မယ်” လို့ပြောတော့ ကားပိုင်ရှင်ဟာ တန်ဖိုးကြီး
ငွေစက္ကူတစ်ရွက်ကို အလျှင် အမြန်ထုတ်ပြီး
“ဝက်အူကျပ်ပေးတဲ့လူ ဒီပိုက်ဆံနဲ့ ထိုက်မယ်” လို့ ပြောလိုက်တယ်။
ဝိုင်းကြည့်နေတဲ့ လူတွေထဲက လူငယ်တစ်ဦး တစ်ချက်လှုပ်သွားတယ်။ ဒါပေမယ့်
ဘေးလူတစ်ယောက်က
“ပိုက်ဆံရှိသူတွေရဲ့ စကားကို မယုံနဲ့” ဆိုပြီးလှမ်းဆွဲလိုက်တယ်။
အဲဒီအချိန်မှာ ကလေးငယ်တစ်Uီးက ထွက်လာပြီး
“ကျွန်တော် ကူမယ်” လို့ပြောလိုက်တယ်။
ကလေးငယ်က ကားအောက်ထဲဝင်ပြီး ဝက်အူကို ကျပ်ပေးလိုက်တယ်။ တစ်မိနစ်တောင်
မကြာတဲ့အချိန်နဲ့ ကားအောက်က ထွက်ပြီး ကားပိုင်ရှင်ကို
မျှော်လင့်ချက်မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကားပိုင်ရှင်က ကလေးငယ်ကို အခုနားက
ငွေကိုလှမ်းပေးမယ်အလုပ်မှာ အမျိုးသမီးက -
“ဒီငွေကို ပေးမလို့လား? အကြွေတစ်ချို့ ပဲပေးလိုက်ပါ” လို့ ဝင်ဟန့်တယ်။
ကားပိုင်ရှင်က အမျိုးသမီးဆီက ငွေအကြွေကို ယူပြီး ကလေးကိုလှမ်းပေးလိုက်တယ်။
ကလေးက မယူဘဲ ခေါင်းခါပြတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြားက
ဝေဖန်သံတစ်ချို့ထွက်လာတော့ ကားပိုင်ရှင်က အကြွေ တစ်ချို့ ထပ်ပေါင်းပြီး ကလေးကို
ကမ်းပေး ပြန်တယ်။ ကလေးငယ်က ခေါင်းခါပြန်တော့ စိတ်ဆိုးပြီး
“ဘာလဲ? မင်းကနည်းသေးတယ်လို့ ထင်လား? နည်းတယ်ထင်ရင် လုံးဝမပေးတော့ဘူးနော်” လို့
အော်လိုက် တယ်။
“နည်းတယ်ထင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်ဆရာမက ပြောပါတယ်။ လူတွေကို ကူညီတာ
အကျိုးအမြတ် ရဖို့အတွက် မဟုတ်ပါဘူး” လို့ ကလေးငယ်က ပြန်ပြောတော့
“ဒါဆို မင်းဘာဖြစ်လို့ မသွားသေးတာလဲ?” ကားပိုင်ရှင်က စိတ်ပျက်လက်ပျက်
မေးပြန်တယ်။
“ခင်ဗျားဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကျွန်တော်စောင့်နေတာပါ”
လို့ ကလေးက ပြန်ပြော လိုက်တယ်။

လူအချင်းချင်းကြားက အပြန်အလှန်နားလည်မှုဟာ တော်တော်လေး ကြောက်ဖို့ကောင်းမှန်း
ဒီပုံပြင်က ပြော သွားခဲ့ပါတယ်။ တူညီတဲ့ အဖြစ်အပျက်တစ်ခုမှာ ကာယာကံရှင်ဖက်က
ကြည့်ရင်တစ်မျိုး၊ တစ်ခြားလူဖက်က ကြည့်ရင်တစ်မျိုး စတဲ့ အမြင်မတူတာတွေ
ရှိတတ်ကြတယ်။ ဘာသာစကားက လူတွေကြားမှာရှိတဲ့ လွဲမှားတဲ့ နားလည်မှုကို
အဆက်အသွယ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ဘာသာစကားက လူတွေရဲ့ ကြားအထင်
အမြင်လွဲမှားမှုကို တကယ်ဖြေရှင်းပေးနိုင်သလား? ဘာသာစကားနဲ့ လူတွေကြားမှာ
မရှိသင့်တဲ့ အမှားတွေကို ကာကွယ်နိုင်ဖို့ လူတိုင်းမျှော်လင့်ခဲ့ကြသလား?


်အားလုံးသတိပြုစရာကောင်းလို့  forward mail ကနေကူးပြီးမျှဝေလိုက်တာပါ။
မှတ်ချက်၊ အခုလိုထပ်ဆင့်ဖေါ်ပြလိုက်တာကို မူရင်းရေးသူအနေနဲ့ ခွင့်လွတ်ပေးဖို့ တောင်းပန်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ နာမည်မသိလို့ မဖေါ်ပြနိုင်တာပါ ရေးသူများဖတ်မိခဲ့ရင် ကျေးဇူးပြုပြီး နာမည်လေး ပြောပြပေးပါဗျာ။

Thursday, September 3, 2009

သူငယ်ချင်းညီမလေး


တစ်ယောက်လက်တစ်ယောက်ဆွဲလို့ လည်ပင်းဖက်လို့နေလာခဲ့ရတဲ့ ကလေးဘ၀လေးကို ပြန်တမ်းတမိတယ်ညီမလေးရယ်၊ မိဘတွေမသိအောင် တိတ်တိတ်ပုန်းလေး အိမ်ကခိုးထွက်လို့ ပန်းခြံထဲ ပြေးလွားဆော့ကစားရတဲ့ တို့အခြေအနေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ မခွဲရတော့ဘူးလို့ ထင်ခဲ့မိတယ်နော်။
ကျောင်းသူဘ၀တွေရောက်တော့လည်း အတန်းမတူပေမဲ့ ကျောင်းဆင်းချိန် အတူပြန်ရတာ အတူဆော့ရတာ အရမ်းသတိရနေတယ်လေ။ တက္ကသိုလ်ရောက်တော့ မေဂျာတွေမတူလို့ ခွဲကြရပြီနော် ညီမလေးရယ် အဲဒီအချိန်ကတောင် လက်ချင်းတွဲလို့ လည်ချင်းယှက်လို့ ဝေးရမယ်ဆိုတာ မတွေးခဲ့ရိုးအမှန်ပါ။ အခုဝေးမဲ့ဝေးတော့လည်း တစ်ယောက်တစ်နေရာ။ တစ်နိုင်ငံစီခြားလို့ ........
အတူပြန်ဆုံမဲ့နေ့ရက်ကလေးရှိသေးရင် ညီမလေးရယ် ဟို တို့ကလေးဘ၀က အတူဆော့ကစားခဲ့တဲ့ ပန်းခြံလေးနဲ့ ရေကန်လမ်းဘေးက စိမ်ပန်းပြာပင်အောက်မှာ စကားတွေပြောချင်တယ်။ အတူပျော်ချင်တယ်။
ညီမလေးကိုအရမ်းသတိရတယ်။ အနေဝေးသွားကြပေမဲ့ စိတ်မဝေးဘူးနော်။ တို့နှစ်ယောက် ခွဲခါနီးလေးမှာ ညီမလေးပေးတဲ့ ခေါင်းအုံးစွပ်လေး မှတ်မိလား.. '' မမေ့ကြေး ''..ဆိုတဲ့.စာတမ်းလေးရေးထိုးထားတယ်လေ အဲဒီခေါင်းအုံးစွပ်လေး ပေပွသွားမှာစိုးလို့ အခုထိ သိမ်းထားတယ်ညီမလေးရယ်။
ညီမလေးအေးချမ်းပါစေ။
အဝေးရောက်ညီမလေးသို့အမှတ်တရ.........

Tuesday, September 1, 2009

ဖွတ်မရ ဓား မ ရှုံး


ကဲဒီတစ်ခါတော့ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်
ရွာတစ်ရွာမှာ မောင်ပု ဆိုတဲ့လူတစ်ယောက်ရှိတယ်တဲ့။ သူက ရွာထိပ်မှာ တဲလေးထိုးပြီး တစ်ကိုယ်တည်းနေတယ်။ သူဟာ အရမ်းဆင်းရဲတယ် ပိုင်ဆိုမှုတွေကတော့ ထင်းခုတ်တဲ့ ဓားမ ကြီးတစ်ချောင်ရယ်။ ရေလှဲပုဆိုးပိုင်းတစ်ထည်၊ ခံမောက်တစ်ချပ်နဲ့ ဆေးလိပ်သောက်တဲ့
ဆေးတန်လေးတစ်ချောင်းပဲ ရှိတယ်တဲ့။
သူတို့ရွာက ရွာဦးကျောင်းဆရာတော် ဟာ ဗေဒင်ဟောရာမှာ အလွန်မှန်တယ်လို့ သတင်းကြီးတော့ အခြားရွာကလူတွေ နေ့စဉ်နဲ့အမျှ သူ တဲလေး ဘေးကနေဖြတ်သွားဖြတ်လာဖြစ်နေတယ်။ သူလည်း တစ်နေ့တော့ '' ငါ့မှာ ဆင်းရဲလိုက်တာလွန်ရော ဒီလိုဆင်းရဲတဲ့အခြေအနေကနေ လွတ်မြောက်ကိန်းရှိမရှိ ဆရာတောဆီ ဗေဒင်သွားကြည့်ခိုင်းရရင် ကောင်းမယ် '' လို့တွေးတယ်။ နောက်တစ်နေ့ ထန်းလျက်ခဲလေး အနည်းငယ်နဲ့ ဆရာတော်ကျောင်းကို သွားတယ်။ လူတွေများနေတော့ ဘေးနားမှာပဲ ကုပ်ကုပ်ကလေးထိုင်နေတယ်။ လူရှင်းသွားတော့ သူက ဆရာတော်နားကပ်ပြီး မ၀ံ့မရဲနဲ့မေးတယ် '' ဆရာတော်ဘုရား တပည့်တော် မှာ ဆင်းရဲလှပါတယ်ဘုရား၊ ချမ်းသာဖို့ ကိန်းလေးရှိမရှိ တပည့်တော်ရဲ့ ကံဇာတာကို စစ်ဆေးပေးပါဘုရား '' လို့လျှောက်တယ်။
ရွာဦးကျောင်းဆရာတော်က နည်းနည်းတွက်ချက်ပြီး '' ဟေ့ မောင်ပု မင့် ဒီထက်ဆင်းရဲ ဦးမယ် '' လို့ ဟောလိုက်သတဲ့။ ဒီအခါ မောင်ပုဟာ စိတ်မကောင်းတာရော သူကံကြမ္မာကို ခံပြင်းတာရော စိတ်မသက်မသာနဲ့ ပြန်လာတယ်။ သူ့စိတ်ထဲမှာတော့ '' ရွာဦးကျောင်းဆရာတော်ရဲ့ ဗေဒင်မှားကြောင်း တစ်နယ်လုံးသိအောင် ငါလုပ်ပြမယ် '' လို့ တွေးနေတယ်တဲ့။
နောက်တစ်နေ့တော့ သူထင်းခုတ်ရောင်းပြီးငွေစုမယ် ငွေများလာရင် ကြက်မလေးတစ်ကောင်ဝယ်မယ် နောက် ၀က်ဝယ်မွေးမယ် စတဲ့ စိတ်ကူးတွေနဲ့ ခံမောက်ကလေးဆောင်း ဆေးတန်လေးကိုက်။ ပုဆိုးအပိုတစ်ကွင်းကို လည်ပင်းမှာပတ်ပြီး တောထဲ ထင်းခုတ်သွားတယ်။
ခံပြင်းစိတ်နဲ့ခုတ်တာဆိုတော့ မနားတမ်းခုတ်တာ ထင်းတွေ တော်တော်ရလိုက်တယ်။ သူက ဒီနေ့အတွက် တစ်နိုင်စာ ထင်းတွေကိုစုစည်းလို့ ထင်းစည်းကိုထမ်းပြီး အိပ်အပြန် တောထဲကနေအထွက် ရေကလည်းဆာတော့ ရေသောက်ချင်လို့ ရေလိုက်ရှာတယ်။ တော်တော်နက်တဲ့ ရေတွင်းဟောင်းကြီးတွေ့တစ်တွင်းကိုတွေ့တော့ ထင်းစည်းလေးချပြီး ရေရှိလားလို့ ငုံ့ကြည့်လိုက်တော့ သူခေါင်းမှာ ဆောင်းထားတဲ့ ခမောက်က ရေတွင်းထဲ အကျ ပါးစပ်ကလည်း '' ဟိုက် '' လို့အော်ပြီးခံမောက်ကို လှမ်းအဆွဲ ခံမောက်ရော ပါးစပ်ကဆေးတန်ပါ ရေတွင်းထဲပြုတ်ကျသွားတယ်။
မောင်ပုလည်း စိတ်မသက်မသာနဲ့ ပြန်လာ မြစ်ကမ်းနံဘေး တောင်ပို့ ကြီးနားရောက်တော့ တော်တော်ကြီးတဲ့ ဖွတ် တစ်ကောင်ဟာ တောင်ပို့ အခေါင်းထဲဝင်သွားတာသူမြင်လိုက်တယ်။ နည်းတဲ့အကောင်ကြီးမဟုတ်ဖူး ဒီကောင်ကို ဟင်းဖေါ်ရောင်းရရင် ငွေတော့နည်းနည်းရတန်ရဲ့ ဆိုတဲ့အတွေးနဲ့ ဖွတ်ဝင်တဲ့ကျင်းကိုတူးဖို့ လုပ်တယ်။ မောင်ပု စဉ်းစားတယ် ဖွတ်ဆိုတဲ့အကောင်က တစ်ပေါက်ထဲမနေဘူး အခြားထွက်ပေါက်ရှိမယ်၊ ထွက်ပေါက်ကိုအရင်ပိတ်ပြီးမှ တူးတာပိုကောင်းတယ်လို့တွေးပြီး အပေါက်ရှာတော့ မြစ်ကမ်းဖက်မှာ အပေါက်တစ်ပေါက်တွေ့တော့ ဖွတ်မထွက်နိုင်အောင် သူ့ဆီပါတဲ့ ပုဆိုးတစ်ထည်နဲ့ ထွက်ပေါက်မှာ ထိုးသိပ်လို့ ပိတ်ထားပြီး ၀င်ပေါက်ကနေတူးတယ်။ နည်းနည်းလောက်ပဲတူးရရုံရှိသေးတယ် ဖွတ်အမြီးပိုင်းကို မြင်ရတော့ ဒီတစ်ခါတော့ သေချာပြီဆိုပြီး ဖွတ်အမြီးကိုလှမ်းအဆွဲ ဖွတ်ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ ရှေ့တိုးထွက်တော့ သူ ပုဆိုးနဲ့ပိတ်ထားတဲ့အပေါက်ကနေ ဖွတ်ရော ပုဆိုးရော မြစ်ထဲကို '' ပလုံ '' ကနဲကျ သွားတယ်၊ သူလည်း သတိမေ့ပြီး လက်ထဲက ဓားနဲ့ လှမ်းပေါက်လိုက်တာ ဓါးပါ မြစ်ထဲ တစ်ခါတည်းကျပျောက်သွားတယ်တဲ့။
မောင်ပု တော်တော်စိတ်ပျက်သွားတယ်။ သူလုပ်သမျှ အရှူံးနဲ့ကြီး တွေ့နေရတယ်မို့လား....၊ စိတ်ပျက်လက်ပျက်နဲ့ ထင်းစည်းလေးထမ်းပြန်လာရတယ်။ ရွာနဲ့နီးလာတော့ သူကိုယ်မှာလည်း ချွေးနဲ့ အညစ်အကြေးတွေ ပေပွနေတော့ ရွာထဲမ၀င်ခင် ရေချိုးဦးမှလို့တွေးပြီး ရေစိုအ၀တ်လည်းမပါတော့ တောထုံးစံအတိုင်း သူပုဆိုးလေးချွတ်၊ ကမ်းပေါ်တင်ပြီး ရေချိုးနေတယ်။ သူရေချိုးရင် အတွေတွေလွန်သွားတယ်၊ ကဲ ပြန်ချိန်ရောက်ပြီ ဆိုပြီး အ၀တ်လှဲဖို့ ကမ်းပေါ်မှာ ထားခဲတဲ့ သူ့ပုဆိုးလေးကိုကြည့်လိုက်တော့ ဘယ်အချိန်က ရောက်နေမှန်းမသိလိုက်တဲ့ နွားတစ်ကောင်က သူပုဆိုးလေးကို ၀ါးချေ သွားတော့တယ်တဲ့။
မောင်ပုဟာ ကြံရာမရတော့ သစ်ခက်တွေကိုယ်မှာပတ်ပြီး ရွာပြန်လာရတယ်။ ဒီအခါ သူအတွေးပေါက်ပြိး ပြောလိုက်တာက .... '' အင်း ငါ့ကို ဒီထက်ဆင်းရဲဦးမယ်လို့ ဟောခဲ့တဲ့ ရွာဦးကျောင်းဆရာတော်ရဲ့ ဗေဒင် သိပ်မှန်ကွာ'' တဲ့...
အေးအေးချမ်းချမ်းရှိကြပါစေ။ ဘ၀မောတွေပြေကြပါစေ။